Saturday, 23 July 2011

နာကျင်မှုတစ်ခုအတွက် အပြုံးတုတွေ ဖန်တီးရတာ ပင်ပန်းတယ်

♫ ♪ ♫  ♪♫
လွယ်မလိုနဲ့ ခက်ခဲသွားတဲ့ အဖြေတွေထဲ ငါခေါင်းနှစ်ကြည့်တယ်
ဖြူမလိုနဲ့ ညစ်နွမ်းသွားတဲ့ အရောင်တွေပဲ ငါတွေ့ရှိခဲ့တယ် ...♫ ♪ ♫ ♪ ♫

အချစ်နဲ့ပတ်သက်ဘူးသူတိုင်း နာကျင်မှု အနည်းဆုံးတစ်ခုဆီ ပိုင်ဆိုင်ဘူးကြတယ်။။
နာကျင်မှုကို သတိရတိုင်း အပြုံးတုတွေဖန်တီးကြတယ်။။
အဲဒီတော့ ပင်ပန်းတယ်ဗျာ။။

ကမ္ဘာ ဦးစ က အာဒံ အတွက် ဧဝတစ်ဦးတစ်ယောက်ကိုသာ ဖန်တီးပေးခဲ့။။
ကျွန်တော်ဒီလိုဖြစ်စေချင်တယ်။။
ဘ၀ မှာ တစ်ကြိမ်တစ်ခါ ဘဲ အချစ်ကို တစ်ယောက်သောသူနဲ့ ခံစားခွင့်ရှိတယ်။။
နောက်ပြီး သူတို့နှစ်ဦးရဲ့ချစ်ခြင်းက ထာဝရ တည်မြဲခြင်း ဂုဏ်သတ္တိ ရှိတယ်။။

Monday, 11 July 2011

ကျွန်တော့် အတွက် မဟုတ်တဲ့ သက်ဆိုင်ခဲ့သော သူမအချစ်

ဂစ်တာတစ်လက် ကော်ဖီတစ်ခွက်နဲ့ စနေနေ့ မနက်တိုင်းက အေးစက်စက်နိုင်လွန်းတယ်။။ လွမ်းရလွန်းလို့ ကဗျာတွေအဖြစ်ချရေးထားတယ်။။ အချစ်သီချင်းတွေနားထောင်တိုင်း မင်းကိုသတိရတယ်။ မိန်းကလေး မင်းကိုချစ်ခဲ့တာ ငါ့ဘ၀ ရဲ့ အမှားတစ်ခုလို့ဆိုခဲ့ရင်တောင် ငါကိုယ်တိုင်ကျေကျေနပ်နပ် ကျူးလွန်းခဲ့လို့ အတိတ်ကို ပြင်ဆင်ချက်ရေးသားခွင့် ရရင်တောင် မင်းနဲ့ ချစ်ခဲ့ တဲ့ ခဏတာကို ငါ့နှလုံးသားပေါ်မှာ ထာဝရ ရေးခြစ်ပါရစေ။

ကျွန်တော့်နှလုံးသာဥယျာဉ်မှာ အချစ်ပျိုးပင်လေး ရေလောင်းပေါင်းသင်ခဲ့သူ

နုနယ်တဲ့ ငါ့နှလုံးသားတစ်စုံက ရက်စက်၊ ယုတ်မာ၊ ခက်ထန်လွန်းတဲ့ အချစ်သင်္ခန်းစာ-101 ကို သင်ကြားတတ်မြောက်ပြီးနောက် အချစ်ဆိုတာကို မသိစိတ်က အလိုလို ကြောက်လန့် နေခဲ့တယ် ။။ စာရေးဆရာမ ဂျူး က " ချစ်ခြင်း၏ အနုပညာ " ဟုတင်စား ခဲ့ပေးမဲ့ သူမ တင်ဆက် ဖျော်ဖြေခဲ့သော အနုပညာသည် စိတ္တဇ ဆန်ဆန် ဖန်တီးမှုဖြစ်၍ မရင့်ကျက်သေးသော ကျွန်တော့်နှလုံးသား နုနု ကို ဒဏ်ရာများနှင့် နာကျဉ်စေခဲ့သည် ။။

ထို့ကြောင့် အချစ်ဘာသာစကား ထွန်းကားသော တက္ကသိုလ် ပထမ နှင့် ဒုတိယနှစ် နှစ်နှစ်လုံးလုံး အချစ်နှင့် ပတ်သက်သမျှ ကျွန်တော့်နှင့် မဆိုင်သလို လစ်လျူရှုထားခဲ့တယ်။။ " အချိန်သည် အကောင်ဆုံးဆေးဆရာ " ဆိုရိုးစကား သည် အတိုင်းအတာတစ်ခုထိမှန်လောက်၏။ ကျွန်တော် နှလုံးသား နလန်ထစ တတိယနှစ် တက္ကသိုလ်ပညာသင်နှစ်မှာ သူမကို စတွေ့သည်။ လအနည်းငယ်မျှသာကြီးသော သူမသည် အရာရာ ဦးဆောင် လွှမ်းမိုးနိုင်လွန်းသည် ။။ ဒါပေမဲ့ ကျွန်တော်ချစ်သည်။။ စတွေ့တဲ့ နေ့က သူငယ်ချင်းများ နှင့် ခေါင်းစဉ်တစ်ခုကို အကြိတ်အနယ် ဆွေးနွေးနေကြ၏။။ အမှန်က သူငယ်ချင်း သစ်များ မိတ်ဆက်တဲ့ အနေဖြင့် " ချစ်ခြင်းသည် ဤ သို့ဖြစ်၏ " ခေါင်းစဉ်ဖြင့် ခင်မင်မှုကို အုတ်မြစ်ချခြင်းဖြစ်သည်။။ အသီးသီး အချစ်နှင့်ပတ်သက်တဲ့ histories,theories, tactics and experiences တွေနဲ့ ဝေေ၀ဆာဆာ လွင့်စင်နေရင်းမှ သူမက ကျွန်တော့်ကို ဦးတည်ပြီးမေးလာခဲ့၏ ။။

" ရဲရင့်သုည ရှင်ရဲ့ ပေါက်တက်ကရ စာစုလေးတွေကို ဆောင်း ကြိုက်တယ်၊ ဒါပေမဲ့ ထူးထူးခြားခြား ရှင့်ဆီက အချစ်နဲ့ ပတ်သက်တာ ဘာမှ မထွက်လာလို့ အံ့သြနေတယ် " ။။ အကြည့်တစ်ချို့ နှင့် သူငယ်ချင်းတစ်ချို့ စောင့်စားနေကြ၏။။

" သုည မင်း ပြောပြလိုက်တာ ကောင်းမယ်ထင်တယ် " သူငယ်ချင်း အကြံပြု လိုက်ကာမှ အားလုံး ငြိမ်သက်လျှက် စိတ်ဝင်တစား နားဆင်ကြမယ့် ပုံတွေဖြစ်ကုန်ရော။။

စိန်ပန်းများ လေပြည် ညင်း ကြည်စယ် ဆော့ကစားမှုနဲ့
မြေပြင်သို့ ခလျှက်၊
ဥသြငှက်သံက
နာကျဉ်မှုကို ပံ့ပိုးသောတေးသွားအသွင်ပြောင်းရင်း၊
နေမင်းရေ
ငါ့တော့ မင်းနဲ့ အပြိုင် ပူပြင်းတောက်လောင်လိုက်ပြီ ။။

ကျွန်တော် ဇာတ်လမ်းလေးအဆုံးမှာ သူငယ်ချင်းများ အားလုံး မှင်သက်ကုန်၏။။ တိတ်ဆိက်နေဆဲ လက်ဖက်ရည်ဝိုင်းလေးကို ဖုန်း Alarm သံများ လှုပ်နှိုးလိုက်၏ ။။ ကျွန်တော့် တို့ အတန်းတက်ဖို့ Alarm များပေးထားခဲ့ ခြင်းဖြစ်သည်။။ နှုတ်ဆက်စကားများ ပြောကရင်း မတူညီတဲ့ အတန်းများ ဆီသို့ လျှောက်လာ၏။။ " သုည ဟေမန်ဆောင်း ကတော့ မင်းကို တည့်တည့် ပစ်တာနော်၊ မင်းရဲ့ အကြောင်းကို သိတဲ့ ပုံဘဲ "" မင်းတို့ကလည်း ယုန်ထင် မျောက်ထင် ရောက်တက်ရာရာ ပြောရမယ်ဆိုရင် နှစ်ယောက်မရှိဘူး "

ပြောနေတုန်း ဖုန်းရဲ့ SMS ၀င်လာတဲ့ တုန်ခါမှုလေးကို ခံစားမိသည်။ SMS ဖတ်ကြည့်တော့ ခေတ္တ ခဏ ကျွန်တော် ရပ်တန့်လို့ ။။
" သု(န်) ရှင်နှလုံးသားကို အချစ် နဲ့ ပတ်သက်သော အဓိပ္ပာယ် ဖွင့်ဆိုချက် အသစ်တွေ သင်ပေးချင်တယ်။ ကျွန်မ ရှင်ရဲ့ သေဆုံးနေသော နှလုံးသား ဥယျာဉ် လေးရဲ့ ဥယျာဉ်မှူး သစ်ဖြစ်ချင်တယ်တဲ့ "

ဤမွန်းလွဲချိန်လေး လှသည်
ချစ်သူလက်ကို တွဲ၍ ခြေဦးတည့်ရာ
လျှောက်သွားနေခြင်းကြောင့် မဟုတ်ပါ
"ဆောင်း" လက်ဖြင့် စိုက်ပျိုးသော
မေတ္တာ ပန်းပင်မှ အချစ် ပန်းများ ပွင့်လန်းလို့ .......

အဖြူရောင် ဆန်ခဲ့ သော အနက်ရင့်ရင့် တနင်္ဂနွေမနက်

မိုးလေ တစ်ဖွဲဖွဲ ရွာပြီနောက် တောက်ပတဲ့ နေမင်းက ထိန်ထိန်သာလို့ ။။ သူမကို နောက်ဆုံး လက်ဆောင်ပေးခဲ့သော " Your Love is a Lie "  သီချင်း က ၈နာရီ ၃၀မိနစ် မှာ စတင်၍ ကျွန်တော်ကို နှိုးထစေတယ် ။။ ချက်ချင်းဆိုသလို သူမရဲ့  သရော်ပြုံး လေးနဲ့ လမ်းခွဲကြရအောင်လို့ ညင်းညင်းသာသာပြောခဲ့သော နှစ်လိုဖွယ်မျက်နှာလေး ကျွန်တော်အာရုံထဲတွင် ပေါ်လာ၏ ။။

မျက်စိ စုံမှိတ်လို့ ကျွန်တော့် အတွေးတွေစုလိုက်တယ်။ ကိုယ့်ကိုကိုယ် သတိပေးလိုက်တယ် ငါသူမကို သတိမရသင့်ဘူး။ ဆက်လက်၍ မနက်စာ အာရုံထဲရောက် လာ၏။ ဘာစားရမလဲ၊ သိပ်ကြိုက်တဲ့ ကော်ဖီ ကုန်နေ၏။ သွားဝယ်ရန် Shop & Save က နည်းနည်း လှမ်း၏။ မနက်တိုင်းစားနေရသော cereal ကိုမုန်းနေ၏။ အတွေးတို့ ထက်လွင့် ပြန်၏ ။။

" မောင် ကျောက်စက် မနက်စာ ဘာပြင်ထားလည်း သိလား ။။ "
" ဘာပြင်ထားလည်း နှင်း မောင် ဗိုက်စာနေပြီ အိပ်ယာထတာ နောက်ကျလို့ ထင်တယ် စာနေပြီ "
သူမ နာမည် က ကျောက်စက်နှင်း ။ သူမ က ကျောက်စက် ဆိုတဲ့ နာမည် ကို သုံးတက်ပေမဲ့ ကျွန်တော်က နှင်းလို့ ခေါ်နေကျပါ။
" မောင့် ရဲ့ favorite ပေါင်မုန့် မီးကင် ပေါ်မှာ ခရမ်းချဉ်သီကိုအ၀ိုင်းလေးတွေလှီးပြီး တစ်လွှာ၊ မှုံညင်းဖြူ တစ်လွှာတင်ပြီ၊ အပေါ်က ကြက်ဥ ကို သကြားထည့်ပြီးကြော်ထားတာလေး ထပ်တင်ထားတယ်။ ပြီးတော့ ၀က်အူချောင်းကြော် နည်းနည်း ရယ် ကြက်သွန်ဖြူနဲ့ လုပ်ထားတဲ့ sauce နဲ့ တတ်သလောက် အလှဆင်ထားတယ် "
" ခင်ဗျာလေး ရေလည် ချစ်ဖို့ ကောင်းတယ်"

" you can tell me there's nobody else, you can tell me that you're home by yourself, You can Look into my eye and pretend all you want, but i know, i know your love is just a lie, it's nothing but a lie "

နိုးစက်သံက Snooze setting 5 mins ပေးထားမိ၍ အတွေးစတို့ လွင့် ....

အားလုံးကို စွန့်လွတ်ခဲ့ ရင်တောင်
အလွမ်းတွေကို ငါပိုင်တယ်
နှလုံးသား ကို ဆေးပညာအရ အစားထိုးလို့ ရခဲ့ ရင်တောင်
ငါသေဆုံးမှု ကို ရွေးချယ်မယ်
တနင်္ဂနွေရဲ့ မနက်တိုင်းဟာ
အဖြူရင့်ရင့် ကြည်နူးမှုများ အလယ်
အနက်ရောင် ဒဏ်ရာများ ပြည့်နှက်လို့.................

Thursday, 23 June 2011

ဆုတောင်း

တွေ့ဆုံခြင်းရာသီမှာ

သန္ဓေတည်ခဲ့တဲ့

နှစ်သက်ခြင်းမျိုးစေ့။

သံယောဇဉ်အမြစ်တွယ်လို့

အချစ်သစ်ပင်အဖြစ်ပေါက်ဖွားခဲ့ပြီ။

တမ်းတခြင်းသစ်ရွက်တွေလှုပ်ခတ်တဲ့

မျော်လင့်ခြင်းဂီတနဲ့

စောင့်စားခြင်းအသီးပွင့်တွေရဲ့

အဆိုပြုခြင်းရနံ့တွေကို

တိတ်တဆိတ်မြတ်နိုးရတဲ့

တစ်ဦးတည်းသော

အဲဒီကောင်မလေးဖြတ်လျှောက်သွားတဲ့အခိုက်

တစိုက်မတ်မတ် ရူရှိက်မိပါစေ ။

Sunday, 12 June 2011

ပွင့်ပွင့် လင်းလင်း

ချာတိတ် မင်း ကိုယ့် အချစ်ကို ယူပြီး ကိုယ့်အသည်းကို မခွဲခင် တစ်ခုတော့ သတိပေးပါရစေ။ ကိုယ့်က နှလုံးနုနုမှ ရွေးကာစားတက်တဲ့ သိမ်မွေ့တဲ့ဘီးလူရယ်ဆိုပြီး ဒီဇမ္မူမှာ ထင်ရှားလို့ မင်းကံကောင်းပါစေ ။။

Saturday, 4 June 2011

သူမအတွက် ကျွန်တော့် အချစ်

ရိုးရိုးသားသား ရင်ထဲက အချစ်ကြောင့် ယဉ်ယဉ်လေးနဲ့ နုတ်ခမ်းလေးပေါ်မှာ ရမ်းရမ်းကားကား အနမ်းနွေးတွေ မပေးရက်ခဲ့ဘူး။ အချစ်က ကောင်မလေးအတွက် သပ်သပ်ရပ်ရပ်နဲ့ သားသားနားနားလေးပါ။

Tuesday, 31 May 2011

နှလုံးသားမဲ့တဲ့ကောင်��...

ကျွန်တော် ဆယ်တန်းအောင်ပြီးစ တုန်းက အစ်ကိုဂစ်တာနဲ့ စပ်ဖြစ်ခဲ့ တဲ့ ပထမဆုံး ကျွန်တော့်ရဲ့ သီချင်းလေးပါ ။။ သီချင်းကို tape နဲ့ အသံသွင်းထားခဲ့ ပြီ  ခုမှ FL Studio နဲ့ ချမ်းက ပြန်တီးပြီ အတူတူ သီဆိုထားတာပါ ။။


Sunday, 29 May 2011

အချစ်သင်္ခန်းစာ - ၁

နုနယ်တဲ့ ငါ့နှလုံးသားတစ်စုံက ရက်စက်၊ ယုတ်မာ၊ ခက်ထန်လွန်းတဲ့ အချစ်သင်္ခန်းစာ-၁ ကို သင်ကြားတတ်မြောက်ပြီးနောက် အချစ်ဆိုတာကို မသိစိတ်က အလိုလို ကြောက်လန့် နေခဲ့တယ် ။။

Saturday, 21 May 2011

တဒင်္ဂံ နှာဘူးထခြင်း

အသက်စက်စက်နေရောင်ခြည်နုကမ္ဘာမြေကိုပက်ဖြန်းစပြုတဲ့အချိန်ပေါ့။

ငါ့ခြေတောက်တွေကိုငါပြန်ငုံ့ကြည့်နေတုန်းရေမွှေးနံ့တစ်ခုကငါ့ကိုနှောက်ယှက်တယ်။

အာရုံပျက်အောင်လုပ်တဲ့တရားခံကိုစစ်ဖိုငါ့မျက်လုံးတွေကိုညာဘက်ကပ်ပြီးစုံစမ်းလိုက်တယ်။

အသိစိတ်တွေကဦးနှောက်ဆီကိုပို့ရောက်လာတဲ့သဲလွန်စကနှာတံချွန်းချွန်းနဲ့မျက်ဝန်းပြာတစ်စုံ။

ရထားတံခါးအဖွင့်လူတွေတိုးကြိတ်ဝင်လာတော့သူမရဲ့လက်မောင်းတစ်ဖက်ငါ့ရင်ဘတ်ဆီထိကပ်မိလျှက်သား။

အရှိန်သပ်ဘရိတ်အုပ်သွားတဲ့လူအားလုံးယိုင်နဲ့စွာအခြေပျက်သွားတဲ့အခိုက် လက်ဆွဲအိတ်ကိုဆုပ်ကိုင်တားတဲ့

ငါ့လက်ဖမိုးတွေနဲ့သူမရဲ့တင်ပါးတစ်စုံလက်စုံကျစကားပြောဖြစ်သွားတယ်။

နှလုံးခုန်သံမှားအောင် လှူံ့ဆော်တတ်တဲ့အထိအတွေ့ဆိုတဲ့ ခံစားချက်ကို ရပ်တန့်ပိတ်ဆို့ပစ်ဖို့

လေပူတစ်ချက်ပင့်သက်နဲ့ အတူထုတ်ရူလိုက်တယ်။

မြို့တော်ခန်းမလို့ဘာသာပြန်ရမဲ့ မှတ်တိုင်ရောက်တော့သူမပေါ့ပါးစွာလွင့်ကနဲ့ခုန်ထွက်ကျန်ရစ်ခဲ့တယ်။

ငါ့ခြေလှမ်းတွေအလုပ်ဆီကိုမောင်းနှင်ထားပေမယ့် ငါ့ရဲ့အတွေးစိတ်ကူးထဲမှာတော့

သစ်ရွက်ဝါရောင်နဲ့ရွှေဆံနွယ်လိပ်ပိုင်ရှင်နတ်သမီးတစ်ပါးမြူးတူးဆော့ကစားနေခဲ့တယ်။ (ချမ်း)

သူမ

အထင်ကရ နတ်ဘုရားတွေငို ၊

မြင်သမျှလို လူတိုင်းလည်းစွဲ ၊

ဘုရင်မလိုပဲ အရမ်းလည်းလှ ၊

တစ်ဒင်္ဂဆိုတာလေး ပြုံးရင်တောင်ရုးသွပ်နိုင်တယ်။

တချို့ကတော့.......... ခင်ရရုံလေးပဲ ဆိုလည်းကြေနပ်ပါတယ်တဲ့ ၊

ဒါပေမယ့်........ အထင်တမျှတော့မသေးလိုက်ပါနဲ့ ၊

အရင်ကနေကတည်းကိုကအသဲခွဲလာတာ ၊

အချဉ်ရမလား ချဉ်းကပ်ရင်တော့ ၊

ဂွင်ကျကျအကွက်ဆင် သင်ခန်းစာပေးတာတော့ အရမ်းလက်ယဉ်တဲ့ "သူမ" ။

Friday, 20 May 2011

ခြေတုန်ချတုန် နှလုံးသားတစ်စုံ (More than friend less than Lover)

တို့နှစ်ယောက်ကသူငယ်ချင်းတွေလား ။ မဟုတ်ပါဘူး ။

ဒါဆိုချစ်သူတွေလား။ မဟုတ်ပါဘူး ။

အသိမိတ်ဆွေ တွေလား ။ ပိုလို့တောင်မဟုတ်ပါဘူး ။

သေချာတာကတော့ ကျွန်တော်သူမကိုချစ်တယ်လို့မပြောဖူးပါဘူး။

သူမကလည်း ကျွန်တော့ကို သတိရတယ်လို့ မပြောပါဘူး ။

နှစ်ဦးစလုံးအပြန်အလှန် ကတိတွေလည်း မထား ခဲ့ပါဘူး ။

ဒါပေမယ်......

ကျွန်တော့ ပုခုံးတွေမှာ သူမ တစ်ခါတစ်ရံမှီနွဲ့တတ်ပါတယ်။

သူမဆံပင်တွေကို ကျွန်တော် သပ်တင် ပေး ဖူးပါတယ် ။

မျက်လုံးချင်းဆုံအောင်သမင်တကာမကြည့် ကြပေမယ့်

ဆုံမိတိုင်း လှိုက်လှိုက်လှဲလှဲ ပြုံးမိတတ်ကြပါတယ်။

စကားတွေအများကြီးမပြောပေမယ့်လည်း နစ်ဦးလုံးရဲ့ရင်ထဲမှာတော့

" ငါသူနဲ့ချစ်သူတွေဖြစ်ချင်တာလား

သူငယ်ချင်းပဲဖြစ်ချင်တာလား

အတူတူနေချင်တာလား

ငါသူ့ကိုလက်ထပ်ချင်တာလား ။ "

ဆိုတဲ့မေးခွန်းလေးတွေအတွက် ကိုယ့်ကိုယ်ကို အဖြေရခက်နေခဲ့ပါတယ်။

--------------------------- Billionchan --------------------------------------------

အဖွားရဲ့ဗန်လင်တိုင်း

ကျွန်တော့ချစ်သူလေးကိုပေးဖို့၁၃ရက်နေ့ကတည်းကကြိုတင်ပြီးဝယ်ထားတဲ့ချောကလက်တွေကို
ရေခဲသေတ္တာထဲမှာသိမ်းထားလိုက်တယ်။၁၄ ရက်နေ့မနက်မှာ ချစ်သူလေးရဲ့ အသဲပုံတွေနဲ့
"ပျော်ရွှင်သောချစ်သူများနေ့ပါ" ဆိုတဲ့ မက်ဆေ့ကြောင့် ၈ နာရီလောက်မှာနိုးလာပြီး
သိတရနဲ့ စောစောစီးစီးချောကတွေကို ပါကင်လှလှလေးနဲ့ထုပ်ဖို့ ရေခဲသေတ္တာကို
သွားဖွင့်ကြည့်လိုက်တယ်။ မရှိတော့ပါဘူးချောကလက်တွေ။
အငယ်ကောင်လက်ချက်မဟုတ်ရင် အလတ်မလက်ချက်ပဲ ဖြစ်ရမယ်လို့ထင်လိုက်တယ်။
ညနေဘက်ချစ်သူလေးနဲ့ချိန်းထားလို့ချစ်သူလေးကိုပေးမယ့်ချောကလေတွေ
ပျောက်သွားပြီမို့ဒီနေ့၁၀နာရီမှာသွားရမယ့်စကားပြောသင်တန်းကိုဖျက်ပြီး
သွားပြန်ထပ်ဝယ်ရတော့မှာပေါ့။ ရေမိုးချိုးပြင်ဆင်ပြီးချောကလက်တွေရောင်းတဲ့ပလာဇာဆီ
ထွက်ဖို့ပြင်ချိန်မှာတော့ ကျွန်တာ့ရှေ့ကတလုပ်လုပ်နဲ့အဖွားက သပ်သပ်ရပ်ရပ်ဝတ်စားလို့
ထွက်သွားပါတယ်။ ဒီလိုပဲသူအိမ်နီးနားကိုအလည်အပတ်သွားနေကျမို့သိပ်မထူးစမ်းပါဘူး။
မိနစ်ပိုင်းလောက်စောပြီးထွက်သွားတဲ့အဖွားကိုလမ်းထိပ်နားလောက်မှာလှမ်းမြင်နေရပါတယ်။
ကားမှာတိုင်ထိသူဘယ်တုန်းကမှမလျှောက်ဖူးတာအခုသူဘာလို့ကားမှတ်တိုင်ဆီလျှောက်တာပါလဲလို့
တွေးပြီး သူလိုင်းကားတက်စီးမှာစိုးလို့ကျွန်တော်ခပ်သုတ်သုတ်နဲ့သူ့ကိုမှီအောင်လျှောက်ပါတယ်။
မဟုတ်ပါဘူး။ သူကားမှတ်တိုင်ကိုကျော်ပြီးရှေ့ကလမ်းချိုးလေးထဲ့ကိုကွေ့ဝင်သွားပါတယ်။
ကျွန်တော် လည်းသူဘယ်မြန်းသွားတာလဲလို့သိချင်တာနဲ့ဘတ်စကားတက်စီးပြီးမြို့ထဲ
သွားရမယ့်အစားသူ့နောက်ကိုလိုက်ကြည့်မိပါတယ်။လမ်းလေးရဲ့အဆုံးဘက်နားစီက
ရွှေမြို့တော်စေတီ ဆီကိုဦးတည်နေပါတယ်။လိုက်ကြည့်မိလက်စနဲ့ကျွန်တော်လည်း
ဆက်လိုက်သွားခဲ့ပါတယ်။တစ်ခါတစ်လေလည်းသူအပြင်ထွက်ရင်
စိတ်ပူပြီးနောက်ကလိုက်ပေးရတာမျိုးလည်းဖြစ်တတ်နေကျမို့ဒီတစ်ခါလည်းမထူးပါဘူး
ဆိုပြီးနောက်ကနေဖြည်းဖြည်းချင်းလိုက်ကြည့်မိပါတော့တယ်။ ဘုရားထဲကိုသူမဝင်ပါဘူး။
ဘုရားဘေးကအုတ်နံရံနား သစ်ပင်အောက်မှာသွား၇ပ်ပါတယ်။
ပြီးတော့... သူ့ချွေးခံအင်္ကျီံထဲက တခုခုကိုထုတ်ပါတယ်။
သစ်ပင်ခွဆုံလေးမှာ ကျွတ်ကျွတ်အိပ် တထုပ်ကိုတင်လိုက်ပါတယ်။
ကျွန်တော်သိချင်ဇောတွေနဲ့ဘုရားဝန်းအထဲဘက်အုတ်နံရံဘက်ကိုဝင်သွားလိုက်ပါတယ်။
အုတ်တံတိုင်းရဲ့တဖက်နံရံကနေကျွန်တော်ချောင်းကြည့်ပါတယ်။
အဖွားပါးစပ်ကလည်းတတွတ်တွတ်နဲ့ပြောပါသေးတယ်။
ဘုရားဝင်းအုတ်နံရံဘက်ကိုလည်းတော်တော်ကြာကြာစိုက်ကြည့်ပြီးတော့
မျက်ဝန်းတွေကိုလက်ဖျံနဲ့သုတ်ပါတယ်။
သူအုတ်နံရံနားထိကပ်လာပါတယ်။ အုတ်နံရံပေါ်ကိုလက်နဲ့ပွတ်ပြီ " အဖိုးကြီးကျုပ်ပြန်တော့မယ် " လို့
ပြောပြီးပြန်ထွက်သွားပါတယ်။သူတော်တော်လှမ်းသွားတော့မှကျွန်တော်ဘုရားဝန်းထဲကနေထွက်လာပြီး
သစ်ပင်မှာထားခဲ့အထုပ်ကိုသွားဖြည်ကြည့်ပါတယ်။ ပျောက်သွားတဲ့ကျွန်တော့ချောကလက်တွေပါ။
ပြီးတော့စာတစ်စောင်။ သိချင်တာနဲ့စာကိုဖွင့်ဖတ်လိုက်ပါတယ်။တုန်တုန်ခါခါနဲ့အဖွားရဲ့လက်ရေးတွေက.....
"သို့....
စိန်မောင်။ ဒီလက်ဆောင်ကကျုပ်ဘဝမှာခင်ဗျားအတွက်ပထမဆုံးလက်ဆောင်ပါ။
ခင်ဗျားတစ်ယောက်တည်းအထီးကျန်နေသလိုကျုပ်လည်းအထီးကျန်နေပါတယ်။
ကျုပ်လည်းသိပ်မကြာလောက်တော့ပါဘူး။ မကြာခင်တော့လိုက်လာမှာပေါ့။
အဲဒီအခါကျမှကျုပ်ကိုလက်ဆောင်တွေပြန်ပေးပါ။
လောလောဆယ်တော့ကျုပ်ပေးတဲ့လက်ဆောင်အတွက် ကျေးဇူးတင်တယ်လို့ပြောပါနော်။
စိန်မောင်အမြဲပျော်ပါစေလို့ဆုတောင်းလျှက်....
မေကြည်။ "
စာရွက်ကလေးကကျွန်တော်ရေးဖို့ဝယ်ထားတဲ့ "ပျော်ရွှင်သောချစ်သူများနေ့" စာသားပါတဲ့စာရွက်ပါ။
ကျွန်တော်ဝမ်းနည်းစွာနဲ့ဘုရားဝန်းအုတ်နံရံဘက်ကိုစိုက်ကြည့်လိုက်မိတယ်။
အုတ်နံရံပေါ်မှာက ...... " ဦးစိန်မောင်+ဒေါ်မေကြည်ကောင်းမှု့ " တဲ့။
သူတို့ဇနီးမောင်နံလွန်ခဲ့တဲ့သုံးနှစ်လောက်ကလှူခဲ့တဲ့အုတ်တံတိုင်းလေးပါ။ (ချမ်း)

Thursday, 19 May 2011

နှစ်သစ်ရဲ့ နေ့ရက်များ

Music & Lyrics :: Will Edward
Video & Vocal :: Billion Chan



ပျိုးတဲ့လက်

ကျွန်တော့နှလုံးသားကိုဂျက်ချထားခဲ့တာမှိုတောင်တက်လို့။
လက်တဆုပ်စာပန်းတွေနဲ့နတ်သမီးတပါးတံခါးလာခေါက်တယ်။
မှုန်ကုပ်ကုပ်မျက်ဝန်းအကြည့်နဲ့စကားဝှက်မေးလိုက်တော့  ပြုံးစစ ရယ်သံနဲ့သူမရဲ့အဖြေက
"အချစ်နယ်မြေရှိလား... မေတ္တာပန်းတခင်း စိုက်ပျိုးချင်လို့တဲ့ " ။
ချိုငြိမ့်တဲ့သူမစကားသံအဆုံးမှာသော့ခတ်ထားတဲ့
ကျွန်တော့ရင်ဘတ် ဖွှင့်လှပ်မိလျှက်သားဖြစ်သွားတယ်။
အခုတော့အကျဉ်းချပိတ်လှောင်ခံရင်ခုန်သံအားလုံးလွတ်လပ်စွာမြည်တမ်းလို့။
အနမ်းတွေနဲ့ချော့သိပ်တတ်တဲ့သူမရဲ့လက်တစုံမှာနွေးထွေးစွာကျွန်တော်ကြေနပ်မိတယ်။
ကျေးဇူးတင်ပါတယ်လို့ပြောတဲ့အခါတိုင်းအပြုံးတပွင့်နဲ့ကျွန်တော့ပုခုံးကိုမှီထားတတ်တဲ့မိန်းကလေး............. ကျွန်တော့နှလုံးသားကိုပြုပြင်သူမိန်းကလေး............
သူမဟာကျွန်တော့အတွက်တော့ထူးမြတ်သူတဦးပါ။ (ချမ်း)